Facebook ထံ စာပို့ခဲ့တဲ့ MIDO က မထိုက်ထိုက်အောင် နဲ့ မေးမြန်းချက်
2018.04.12
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်အောင် ဖေ့စ်ဘွတ်ပေါ်ကနေ အမုန်းပွားစရာတွေ ဖြန့်ခဲ့ကြတာကို ဖေ့စ်ဘွတ်တာဝန်ရှိသူတွေက အလျင်အမြန် မတားဆီးခဲ့တဲ့အတွက် မြန်မာနိုင်ငံက နည်းပညာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဖေ့စ်ဘွတ် တည်ထောင်သူ Mark Zuckerberg ထံ စာရေးသားပေးပို့ပြီး ကန့်ကွက်ကြောင်း ပြောလိုက်ကြပါတယ်။
စာရေးသားပေးပို့တဲ့အထဲမှာ ပါဝင်တဲ့ နည်းပညာအဖွဲ့ MIDO ရဲ့ Executive Director မထိုက်ထိုက်အောင်ကို RFA သတင်းထောက် ကိုသန့်ဇင်ဦးက မေးမြန်းထားပါတယ်။