DVB သတင်းထောက် နေအိမ်မှာ အကြမ်းဖက်ဖမ်းဆီးခံရ
စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021.03.01
2021.03.01
တနသာၤရီတိုင်း မြိတ်မြို့ရဲ့ DVB သတင်းထောက်ကိုအောင်ကျော်ကို စစ်တပ်က ဒီကနေ့ ည ၁၁ နာရီမှာ လာဖမ်းသွားတယ်လို့ သူ့ရဲ့ ဇနီးက RFA ကို အတည်ပြုပြောပါတယ်။
ကိုအောင်ကျော်ကို စစ်တပ်က နေအိမ်အောက်ကနေ သေနတ်နဲ့ ပစ်ခတ်ပြီး အကြမ်းဖက်ဖမ်းဆီးခဲ့တာကို သူအဖမ်းမခံရခင် DVB သတင်းဌာနကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းမှာတွေ့ရပါတယ်။
အဲ့ဒီဗီဒီယိုထဲမှာ ကိုအောင်ကျော်က ပစ်ခတ်မှုကြောင့် သူ့ခေါင်းကို ထိမှန်သွားတယ်လိုလည်း ပြောထားပါတယ်။ ဖမ်းဆီးခံရသူ DVB သတင်းထောက်ကိုအောင်ကျော်ရဲ့ ဇနီးမနေခြည်ကို RFA ဝိုင်းတော်သား စောဖိုးခွားဆက်သွယ်မေးမြန်းထားပါတယ်။