အနည်းဆုံးအခကြေးငွေ နှုန်းထားအသစ် ပြဌာန်းရေး


2017.11.06

အနည်းဆုံးလုပ်ခလစာ နှုန်းထားအသစ်ကို လာမယ့် မေလလောက်မှာ အတည်ပြု ပြဌာန်းနိုင်ဖို့ ခန့်မှန်းထားတယ်လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီဟာ အလုပ်သမားအဖွဲ့အစည်းတွေ၊ အလုပ်ရှင်တွေနဲ့ မနေ့က တွေ့ဆုံရာမှာ အလုပ်ရှင်တွေဘက်ကပေးနိုင်မယ့် အနည်းဆုံးအခကြေးငွေ နှုန်းထားနဲ့ အလုပ်သမားတွေဘက်ကတောင်းဆိုတဲ့နှုန်းထား နှစ်ခုကြားမှာ ကွာဟမှုရှိနေတဲ့အတွက် နှုန်းထားအသစ်သတ်မှတ်နိုင်ရေးဟာ အစိုးရအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေတယ်လို့ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

ဦးမျိုးအောင် ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။