နိုင်ငံခြားရေးဝန်ကြီးဌာနက CDM ဝန်ထမ်းတွေ အပါအဝင် ၁၂ ဦး ဖမ်းဆီးခံရ

2021.02.18

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုဝန်ကြီးအဖြစ် တွဲဖက်တာဝန်ယူခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်း အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး ရှစ်ဦးဟာ အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမူမှာ ပါဝင်လို့ဆိုပြီး ဒီနေ့ မနက်အစောပိုင်းက နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီဝန်ထမ်း ၁၀ ဦးနဲ့ အတူရှိနေတဲ့ တခြားဝန်ကြီးဌာနတွေက ဝန်ထမ်း နှစ်ဦးလည်း ဖမ်းဆီးခံလိုက်ရသလို သူတို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်ဆိုတာ မသိရသေးပါဘူး။

လက်ရှိအချိန်အထိ နေပြည်တော်မှာရှိတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ထမ်း စုစုပေါင်း ၈၀ ကျော်ဟာ CDM လှုပ်ရှားမူမှာ ပါဝင်နေကြောင်းနဲ့ တချို့သူတွေ ဝေဖန်သလို နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ထမ်းတွေ အာဏာရှင် စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခြင်းမရှိဘူးဆိုတာ မဟုတ်ပါဘူးလို့ အမည်မဖော်လိုတဲ့ ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။