အိုင်စီစီ အဖွဲ့မှာ မြန်မာကို အရေးယူဖို့ ကြိုးပမ်းချက် ရှေ့နေ ဦးမင်းလွင်ဦးနဲ့ မေးမြန်းချက်
2018.04.13
နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က ရှေ့နေချုပ် ဖါတျူးဘန်းဆူဒါ က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် မောင်းထုတ်လိုက်တဲ့ကိစ္စကို သူ့အနေနဲ့ စုံစမ်းစစ်ဆေးနိုင်မယ့် အမိန့်တစ်ရပ် ထုတ်ပြန်ပေးနိုင်မလားဆိုပြီး တရားသူကြီးအဖွဲ့ကို မေးမြန်းခဲ့ပါတယ်။ ICC ရှေ့နေချုပ်ရဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ခုလိုစွပ်စွဲချက်တွေအပေါ် အာရှလူ့အခွင့်အရေးကော်မရှင် AHRC က ရှေ့နေ ဦးမင်းလွင်ဦးရဲ့ အမြင်တွေကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။