ဒု-ရဲမှူးမိုးရန်နိုင် ပြစ်ဒဏ်အတွက် စာချွန်လွှာတင်ဖို့ တရားရုံးဆုံးဖြတ်ချက်မိတ္တူလို


2018.05.21

ရိုက်တာသတင်းထောက် ၂ ယောက်အမှုမှာ ထောင် ၁ နှစ်ချခံလိုက်ရတဲ့ ဒု-ရဲမှူးမိုးရန်နိုင်အတွက် စာချွန်လွှာတင်ဖို့ သူ့ရှေ့နေဦးရောဘတ်စန်းအောင်က အင်းစိန်ထောင်မှာ ဒီနေ့ တွေ့ခွင့်ရပြီး၊ သူ့ဖြစ်ရပ်ကိုမေးမြန်းနိုင်ခဲ့ပါတယ်။ သူ့ကို သတင်းထောက်တွေနဲ့ တွေ့တာ အပြစ်ရှိ-မရှိ ရဲတရားသူကြီးကမေးပြီး၊ ထောင်ချလိုက်တဲ့အခါမှာတော့ တရားရုံးမှာ ဆုံးဖြတ်သလို အမိန့်ဖတ်ပြတာမဟုတ်ဘဲ၊ ထောင်ကိုပို့မှသာ ပြစ်ဒဏ်ကိုပြောလိုက်တာလို့ ဆိုပါတယ်။ ဒါကြောင့် တရားရုံးမိတ္တူ ဘယ်မှာကူးယူနိုင်မယ်ဆိုတာ ဆက်ပြီးစုံစမ်းရဦးမယ်လို့ ရှေ့နေကပြောပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ရှေ့နေဦးရောဘတ်စန်းအောင် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။