အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းနဲ့ မေးမြန်းချက်
2020.03.26
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ...အငြိမ်းစား ရေတပ်ဦးစီးချုပ် ဖြစ်သလို၊ သမ္မတ-ဦးသိန်းစိန် အစိုးရ လက်ထက် စက်မှုဝန်ကြီးနဲ့ သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ၊ လက်ရှိ တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးစိုးသိန်း ကို RFA ဝိုင်းတော်သူ မသက်စုအောင် က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ရေတပ်ဗိုလ်ချုပ်တစ်ဦး ဘဝကနေ အရပ်သားဝန်ကြီးတစ်ဦးဖြစ်လာပုံ၊ ၂၀၁၅- ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ရှုံးနိမ့်ပြီး ပြိုင်ဘက် NLD ပါတီ အစိုးရဖြစ်လာပေမယ့် ကယားပြည်နယ်ကနေ တစ်သီးပုဂ္ဂလ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပုံ စတဲ့ သူ့ဘဝဖြတ်သန်းမှု နောက်ခံသမိုင်း ကြောင်းတွေကို RFA က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။