မြောက်ဦး စုံစမ်းရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းသာစိန် နဲ့ မေးမြန်းချက်
2018.02.12
ဆန္ဒပြသူ ၇ ဦး သေဆုံးခဲ့တဲ့ မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အခြေခံဥပဒေနဲ့ မညီတဲ့အတွက် ပူးပေါင်းဆောင်ရွက်တာမလုပ်ဖို့ ပြည်နယ်အစိုးရက သက်ဆိုင်ရာဌာနတွေကို ညွှန်ကြားထားပါတယ်။ လွှတ်တော်ရဲ့ စုံစမ်းရေးအဖွဲ့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီကြောင်းလည်း စာပေးပို့ခဲ့ပါတယ်။
ပြည်နယ်လွှတ်တော်ရဲ့ စုံစမ်းရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းသာစိန် ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။