ဒုက္ခသည်တွေ လက်ခံရေးအကြောင်း စစ်တွေမြို့ လူမှုအဖွဲ့အစည်းများ နာယကနဲ့ မေးမြန်းချက်


2018.01.13

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ပြန်လာမယ့် မွတ်စလင် ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေး ကိစ္စနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးနဲ့ စစ်တွေမြို့က ရဟန်းတော် ၁၀ ပါး၊ ဒေသခံ အရပ်ဘက်အဖွဲ့တွေနဲ့ မြို့မိမြို့ဖတွေ ပါဝင်တဲ့ လူပုဂ္ဂိုလ် ၁၀ ယောက်တို့ ဒီကနေ့ စစ်တွေမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ပြန်လာမယ့် ဒုက္ခသည်တွေကို မောင်တောမြို့နယ် တောင်ပိုင်းမှာ နေရာချထားမယ်ဆိုတဲ့ကိစ္စကို မေးမြန်းခဲ့ပေမယ့် အတိအကျ မသိခဲ့ရဘူးလို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ စစ်တွေမြို့ လူမှုအဖွဲ့အစည်းများ နာယက ဦးသန်းထွန်း က ပြောပါတယ်။

ဦးသန်းထွန်းကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။