ထိုင်းက အလုပ် လက်မဲ့ဖြစ်နေတဲ့ မြန်မာတွေ အကြောင်း သံအရာရှိ နဲ့ မေးမြန်းချက်
2018.06.04
ထိုင်းနိုင်ငံ ချာချင်ဆောင်ခရိုင်က ကွန်ပျုတာဆက်စပ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံ ပိတ်သိမ်းခံလိုက်ရတာကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာအလုပ်သမား ၇၀၀ နီးပါး ရှိနေပါတယ်။
အဲဒီအလုပ်သမားတွေကို နစ်နာကြေးပေးဖို့ အလုပ်ရှင်ဘက်က ငြင်းဆိုနေတဲ့အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားအရာရှိက ဦးဆောင်ပြီး အလုပ်ရှင်ကို တရားစွဲဆိုဖို့ ဆုံးဖြတ်ထားပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။