ဖေ့စ်ဘွတ်ကို စာပေးပို့ခဲ့တဲ့ Burma Monitor အဖွဲ့ရဲ့ စီမံကိန်းတာဝန်ခံနဲ့ မေးမြန်းချက်
2018.04.19
ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်လွှတ်တော်နှစ်ရပ်မှာ ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘတ် ကြားနာစစ်ဆေးခံခဲ့စဉ်က မြန်မာနိုင်ငံတွင်း ဖေ့စ်ဘွတ်သုံးစွဲသူတွေအတွက် ဆောင်ရွက်ပေးမယ့်ကိစ္စ ၃ ရပ်ကို အကောင်အထည်ဖော်ဖြစ်အောင် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဆက်လက်တွန်းအားပေးသွားမယ်လို့ ဖေ့စ်ဘွတ်ကို အိပ်ဖွင့်ပေးစာပေးပို့ခဲ့တဲ့ အဖွဲ့ ၆ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ Burma Monitor အဖွဲ့ရဲ့ စီမံကိန်းတာဝန်ခံ ကိုမြတ်သူက ပြောပါတယ်။ ကိုမြတ်သူကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။