မြစ်ကြီးနားနဲ့ မန္တလေး မီးရထားခရီးစဉ် ရပ်ဆိုင်းထားမှု အခြေအနေ


2018.05.16

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်း နဲ့ နမ္မတီး ဘူတာအကြား တစ်နေရာ၊ ထိုပူးနဲ့ မိုးကောင်းဘူတာ အကြားက နေရာ ၃ ခု မှာ မနေ့ည သန်းခေါင်ချိန် နဲ့ ဒီကနေ့ နေ့လည်ပိုင်းမှာ မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။

သံလမ်းတံတား ၃ စင်း နဲ့ ရထားတွဲတချို့ ပျက်စီးခဲ့ပြီး အများပြည်သူတွေ ခရီးသွားလာရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

မိုင်းခွဲခံရမှုကြောင့် မြစ်ကြီးနား နဲ့ မန္တလေးလမ်းပိုင်းပေါ်မှာ မီးရထားခရီးစဉ်တွေ ရပ်ဆိုင်းထားရတဲ့အခြေအနေကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က မြစ်ကြီးနား ရုံပိုင်ချုပ် ဦးခင်သော် ကို ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။