မြစ်ဆုံစီမံကိန်းကော်မရှင်သစ်အပေါ် ဝန်ကြီးဟောင်း ဦးရဲထွဋ်နဲ့ မေးမြန်းချက်
2016.08.13
နိုင်ငံတော်သမ္မတက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင် ဖွဲ့စည်းလိုက်တာဟာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ အားလုံး လက်ခံတဲ့ အဖြေတစ်ခုကိုရှာဖွေဖို့နိုင်ဖို့ အတွက်လို့ ယူဆကြောင်း သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က သုံးသပ်လိုက်ပါတယ်။ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။