KIO ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူနဲ့ မေးမြန်းချက်
2018.02.10
ဒီလအစောပိုင်းက အစိုးရ တပ်မတော်နဲ့ ကေအိုင်အေတို့ကြား အလွတ်သဘော ဆွေးနွေးရာမှာ စစ်ရှိန်လျှော့ချရေးနဲ့ တပ်နေရာချထားရေးကိစ္စတွေကို အကြမ်းဖျဉ်း ဆွေးနွေးထားပြီး ဆက်လက်ဆွေးနွေးဖို့ နှစ်ဖက် သဘောတူညီချက် ရရှိထားပါတယ်။
ကချင်ပြည်နယ် တနိုင်းမြို့နယ်က ကေအိုင်အေ တပ်ရင်း ၁၄ ဌာနချုပ်နဲ့ တပ်စခန်းတွေကို ဖယ်ရှားပေးဖို့နဲ့ ရှမ်းပြည်နယ်အတွင်း အေအိုင်အေတပ်မဟာတွေ တည်ရှိနေမှုကို အသိမှတ်မပြုကြောင်း အစိုးရ တပ်မတော်ဘက်က ဆွေးနွေးချက်တွေရှိထားတယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူ ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။