ချင်းမိုင်မှာ အပစ်ရပ်အဖွဲ့တွေ ဆွေးနွေတဲ့အကြောင်း မေးမြန်းချက်
2018.05.28
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲက ရရှိလာတဲ့အချက်တွေကို အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ကစပြီး နှစ်ရက်ကြာ ပြန်လည်ညှိနှိုင်းဆွေးနွေးနေကြပါတယ်။
တပ်မတော်က လာမယ့် တတိယအကြိမ် ပင်လုံညီလာခံမှာ တိုင်းရင်းသားအဖွဲ့တွေဘက်က ပြည်ထောင်စုက လုံးဝခွဲမထွက်ပါဘူးဆိုတဲ့ သဘောတူညီချက်စာတမ်းကို လက်ခံသဘောတူမှသာ တခြားအချက်ကို ဆက်လက်ဆွေးနွေးမယ်ဆိုပြီး ပြောဆိုနေတာဟာ ရှေ့ဆက်ညှိနှိုင်းနိုင်ဖို့အတွက် အတားအဆီးဖြစ်နေတဲ့ အကြောင်းတစ်ခုဖြစ်တယ်လို့ ဒီနေ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ ဒု ဥက္ကဋ္ဌ နိုင်ဟံသာ က ပြောပါတယ်။
မွန်ပြည်သစ်ပါတီ ဒု ဥက္ကဋ္ဌ နိုင်ဟံသာကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။