NLD ပါတီက မိတ်ဖက်ပါတီတွေရဲ့ မဲဆန္ဒနယ်မြေတွေကို ရှောင်ပြီး ယှဉ်ပြိုင်မယ်


2015.07.12

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁၅ ရွေးကောက်ပွဲအတွက် မိတ်ဖက်တိုင်းရင်းသား ပါတီတွေဖြစ်ကြတဲ့ CRPP ခေါင်းဆောင်တွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေကိုရှောင်ပြီး ယှဉ်ပြိုင်မယ်ဆိုတာကို CRPP ခေါင်းဆောင်တွေက ကြိုဆိုလိုက်ကြပါတယ်။

CRPP အဖွဲ့ဟာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားပြု နိုင်ငံရေးပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီနဲ့ ဇိုမီးဒီအမျိုးသားကွန်ကရက်တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

nCRPP အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။