NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်နဲ့ မေးမြန်းချက်
2015.12.11
အစိုးရသစ်ဆီ အာဏာလွဲှပြောင်းရေးအတွက် လက်ရှိ အစိုးရဘက်က ဖွဲ့စည်းထားတဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်လွဲှပြောင်းရေး အထောက်အကူပြု ကော်မတီနဲ့ အန်အယ်လ်ဒီဘက်က ဖွဲ့ထားတဲ့ အသွင်ကူးပြောင်းရေးအဖွဲ့တို့ဟာ လာမယ့် ရှေ့တပတ်ထဲမှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။
အသွင်ကူးပြောင်းရေးအဖွဲ့မှာပါတဲ့ ဦးဝင်းထိန်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။