မြေစာသယ်ကားတွေ မဖြတ်သန်းဖို့ တားမြစ်တဲ့အကြောင်း မေးမြန်းချက်
2015.12.13
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲမှာရှိတဲ့ ကုဋေမှော်၊ ဇွပ်ရာနဲ့ ဆန်းရာ စတဲ့ ကျေးရွာဒေသခံတွေဟာ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီမြေစာ သယ်ကားတွေ ကျေးရွာလမ်းတွေကို မဖြတ်သန်းဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကစပြီး ဒေသခံတွေက တားမြစ်နေကြပါတယ်။
ကုမ္ပဏီမြေစာသယ်ကားတွေကို တားမြစ်ရာမှာ ပါဝင်တဲ့ ဒေသခံ ဦးလမော်လထော်ကို RFA သတင်း ထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။