အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ၈၈ ခေါင်းဆောင်တွေ တွေ့ဆုံပွဲ
2015.01.11
အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ကျောင်းသားခေါင်းဆောင်တစ်ချို့ဟာ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
အဲ့ဒီတွေ့ဆုံမှုမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အပစ်ခတ်ရပ်စဲရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။
ဦးကိုကိုကြီးကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။