ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် အတိုင်ခံရ
2017.09.04
ငွေကြေးအလွဲသုံးစားပြုလုပ်မှု၊ ဝန်ထမ်းခန့်အပ်ရာမှာ တစ်ဦးတည်းသဘောနဲ့ ဆောင်ရွက်ခဲ့မှုတွေနဲ့ နိုင်ငံတော် သမ္မတရုံးထံ တိုင်ကြားခံထားရတဲ့ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့က စိစစ်ပြီးနောက် တွေ့ရှိချက်တွေကို သမ္မတရုံးနဲ့ ပညာရေးဝန်ကြီးဌာနထံ အကြောင်းကြားထားပြီးဖြစ်တယ် လို့ သိရပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ဘက်က စိစစ်တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။