ဖားကန့် ရှမ်းကုန်းပျံကျဈေး မီးလောင်


2017.08.16

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူရပ်ကွက် (၂) က ရှမ်းကုန်းပျံကျဈေးမှာ ဒီကနေ့ မနက်ပိုင်းက ၂ နာရီ ကျော်ကြာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၁၁ လုံး မီးထဲပါသွားခဲ့ပါတယ်။ လက်ရှိမှာ မီးဘေးသင့်သူတွေကို ရပ်ကွက် (၁) က ပညာသုခဘုန်းကြီးကျောင်းမှာ နေရာချထားပေးတယ်လို့ ပြည်နယ် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း က ပြောပါတယ်။ ဦးဇော်ဝင်းထွန်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။