မိုင်ဂျာယန်မှာ သင်တန်း သွားတက်ပြီး ပြန်လာသူတွေ ဖမ်းဆီးခံရ


2016.10.13

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ သင်တန်းသွားတက်ခဲ့တဲ့  ပူတာအိုမြို့နယ်က ဒေသခံ ၄၉ ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ /၁ နဲ့ အမှုဖွင့်အရေးယူထားပြီး ဗန်းမော်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

တပ်မတော်ဘက်က တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားတာဖြစ်တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲအုပ်သိန်းထိုက်ဦးက ပြောပါတယ်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ရဲအုပ်သိန်းထိုက်ဦးကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။