ပုပ္ပါးတောင် မြေထပ်ပြိုနိုင်တဲ့အကြောင်း မေးမြန်းချက်


2018.02.22

မြေပြိုမှုဖြစ်ခဲ့တဲ့ ပုပ္ပါးတောင်ကို  မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံသွားရောက်ပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။

အရင်စမ်းသပ်မှုတွေပြုလုပ်စဉ်က ပုပ္ပါးတောင်ကို မောင်းသူမဲ့လေယာဉ်ငယ် (Drone) သုံးပြီး စမ်းသပ်ရိုက်ကူးကြည့်ခဲ့ရာမှာ မြေပြိုတဲ့နေရာကို ရှင်းရှင်းလင်းလင်းတွေ့ရသလို နောက်ထပ်မြေပြိုနိုင်တဲ့ နေရာတွေကိုလည်း အများကြီးတွေ့ရတယ်လို့ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း အတွင်းရေးမှူး ဦးသန်းထွန်းက ပြောပါတယ်။

ဦးသန်းထွန်းကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။