PPST အရေးပေါ် အစည်းအဝေးကျင်းပမည်
2018.01.10
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်မရတဲ့အပေါ် ပြန်လည်ညှိနှိုင်းဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အရေးပေါ်အစည်းအဝေးကို လာမယ့် ဇန်နဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တို့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပမယ်လို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။