ပူတာအိုဒေသမှာ ကုန်ဈေးနှုန်းတွေကြီးမြင့်နေ
2018.02.01
အစိုးရတပ်မတော်က စစ်ဆင်ရေးတွေ မလုပ်နိုင်အောင်လို့ဆိုပြီး မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပေါ်က လမ်းတံတား တချို့ကို ကေအိုင်အေက ဇန်နဝါရီ ၂၈ က ဖျက်ဆီးပြီးတဲ့နောက်ပိုင်း လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်မှု ရှိလာတာကြောင့် ပူတာအိုဒေသမှာ ကုန်ဈေးနှုန်းတွေကြီးမြင့်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပူတာအိုဒေသရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ ပူတာအိုမြို့နယ်ရဲ့ အမှတ် ၁ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးယောဆီ ကို RFA သတင်းထောက် ကိုကျော်မျိုးမင်းက ဒီကနေ့ ဆက်သွယ်မေးမြန်းထားပါတယ်။