ပူတာအိုမှာ ကုန်ဈေးနှုန်းမြင့်တက်နေ
2018.03.03
အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် ပူတာအိုဒေသမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး စက်သုံးဆီနဲ့ ဆန်၊ ဆီ စတဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေမြင့်တက်နေတာ တစ်လနီးပါးကြာနေပြီဖြစ်ပါတယ်။
ဒေသခံတွေ သွားလာရေးနဲ့ စားဝတ်နေရေး ခက်ခဲမှုတွေကို ဖြေရှင်းဖို့ အစိုးရ တပ်မတော်နဲ့ KIA အဖွဲ့တို့ အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးဖို့လိုတယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာ မနမ်တူးဂျာက ပြောပါတယ်။
ဒေါက်တာ မနမ်တူးဂျာကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။