ရမ္မာဝတီ ရွာသစ် တည်ထောင်မယ့်အကြောင်း မေးမြန်းချက်


2017.12.10

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ကျေးရွာသစ်တစ်ရွာ တည်ထောင်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေပေးဖို့ ကျေးရွာသစ် တည်ထောင်ရေးဦးဆောင်အဖွဲ့က ရခိုင်ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားပါတယ်။

အဲဒီကျေးရွာကို " ရမ္မာဝတီ "လို့ အမည်ပေးထားတဲ့ ကျေးရွာသစ်မှာ နေထိုင်ဖို့ အိမ်ထောင်စု ၃၀၀ စာရင်းပေးထားပြီးဖြစ်တယ်လို့ ကျေးရွာသစ်တည်ထောင်ရေး ဦးဆောင်အဖွဲ့ ပထမခေါင်းဆောင် ဖြစ်သူ ဦးသန်းဝင်း က ပြောပါတယ်။ ဦးသန်းဝင်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။