ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း နှစ်ခုမှာ H1N1 ဖြစ်ပွား
2017.09.10
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်စခန်းတွေဖြစ်တဲ့ မယ်ရာမိုနဲ့ မယ်လဒုက္ခသည်စခန်း နှစ်ခုမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက စတင်ပြီး ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားနေမှုကြောင့် သေဆုံးသူ ၃ ဦး ရှိပြီး ကူးစက်ခံရသူ ၃၀၀ နီးပါးလောက် ရှိခဲ့ပါတယ်။
ရောဂါကူးစက်ပျံနှံ့မှုမရှိစေဖို့ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားခဲ့တဲ့ အဲဒီစခန်းနှစ်ခုလုံးကို ထိုင်းအာဏာပိုင်တွေနဲ့ စခန်းတာဝန်ရှိသူတွေဘက်က လက်ရှိအချိန် အထိ ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
ကရင်ဒုက္ခသည်ကော်မတီ KRC ရဲ့ ဘဏ္ဍာရေးတာဝန်ခံ ဘလူးမင့်နိုက်ဇန် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။