ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုထားတဲ့ အမှုစာရင်းပြုစု


2018.05.09

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က ပုသိမ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲမှာ ကပြခဲ့တဲ့ စစ်ပွဲတွေ အလိုမရှိကြောင်း ပြဇာတ်ကို လူမှုကွန်ရက်မှာ Live လွှင့်ခဲ့တဲ့ ဦးထွန်းထွန်းဦးကို တပ်မတော်ဘက်က ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုထားတဲ့အမှုကို မနေ့က ထောင်ဒဏ် ၃ လ အမိန့် ချမှတ်လိုက်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးမှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုထားတဲ့ အမှုတွေကို စာရင်းပြုစုနေတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့-အသံအဖွဲ့က မောင်ဆောင်းခ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။