ရှမ်းမြောက်ပိုင်း ဒုက္ခသည်တွေ အကြောင်း မေးမြန်းချက်
2018.03.23
ရှမ်းပြည်မြောက်ပိုင်း သီပေါနဲ့ ကျောက်မဲမြို့နယ်တဝိုက်မှာ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး TNLA နဲ့ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဒုက္ခသည်တွေ သီပေါမြို့ပေါ်မှာ ဆက်လက်တိုးလာနေပါတယ်။
ဒီကနေ့ ထန်စန့်ရွာက စစ်ဘေးဒုက္ခသည် ၉၄ ယောက် ထပ်မံရောက်လာကြတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ သီပေါနယ်စည်းမခြား ပရဟိတအဖွဲ့က ပြောပါတယ်။
ကိုမျိုး ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။