လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင် ကို အမှုဖွင့်


2017.09.09

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ ARSA အဖွဲ့ရဲ့လုပ်ရပ်တွေကို အကာအကွယ်ပေးပြီး အကြမ်းဖက်မှုတွေ ဆက်လက်လုပ်ဆောင်အောင် လှုံ့ဆော်တဲ့ ဗီဒီယိုတွေကို ကိုယ်ပိုင်ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာမှာလွှင့်လို့ဆိုပြီး ဘူးသီးတောင်မြို့နယ် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ကို ရဲတပ်ဖွဲ့က ဘူးသီးတောင်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘူးသီးတောင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး သောင်းကြွယ်ကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။