အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းနဲ့ မေးမြန်းခန်း(ဒုတိယပိုင်း)
2020.04.02
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ အငြိမ်းစား ရေတပ်ဦးစီးချုပ်ဖြစ်သလို၊ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် စက်မှုဝန်ကြီးနဲ့ သမ္မတရုံး၀န်ကြီးအဖြစ် တာဝန်ယူခဲ့သူ၊ လက်ရှိတစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်ဖြစ်တဲ့ ဦးစိုးသိန်း ကို RFA ၀ိုင်းတော်သူ မသက်စုအောင် က သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီတစ်ပတ် ဒုတိယပိုင်းကို ရှုစားကြရမှာပါ။
အခု ဒုတိယပိုင်းမှာတော့ မအောင်မြင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် သဘောထား၊ လွှတ်တော်သက်တမ်း နှစ်ကြိမ်နဲ့ အစိုးရ နှစ်ခုရဲ့ ကွာခြားချက်၊ အားသာချက်နဲ့ အားနည်းချက်၊ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအတွက် စိန်ခေါ်မှုနဲ့ အခက်အခဲ စတာတွေကို RFA က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။