သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-04
နိုင်ငံရေး အသွေးအရောင်ကင်းတဲ့ ဘယ်လိုအရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က RFA ကို ပြောပါတယ်။
2018-04-03
မုခ်ဦးပညာရေးအဖွဲ့ကနေပြီး “ငြိမ်းချမ်းရေးပညာရေး သင်ရိုးညွှန်းတမ်း” စာအုပ် အတွဲသစ်ကို ထုတ်ဝေ ဖြန့်ချိလိုက်ပါတယ်။
2018-04-03
မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ဒီနေ့ မွန်ပြည်နယ်အစိုးရရုံးမှာ မွန်ပြည်သစ်ပါတီ၊ ငြိမ်းချမ်းရေးကော်မရှင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်အမျိုးသားပါတီနဲ့ UPDJC က တာဝန်ရှိသူတွေပါဝင်တဲ့ ကြီးကြပ်မှုကော်မတီ အစည်းအဝေး ကျင်းပခဲ့ပါတယ်။
2018-04-03
မနေ့မနက်ပိုင်းက မြောင်းမြကြိုးတံတား ကျိုးသွားတဲ့နောက်ပိုင်းမှာ လပွတ္တာ၊ မြောင်းမြ၊ ပုသိမ်၊ ရန်ကုန် စတဲ့ မြို့တွေကို သွားလာဖို့အတွက် ဒေသခံတွေ အခက်အခဲဖြစ်ပေါ်နေပါတယ်။
2018-04-02
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် က မြောင်းမြကြိုးတံတားဟာ ခံနိုင်ဝန် အားနည်းနေပြီး ဒီနေ့မနက် ၁ နာရီကျော်မှာ ကြိုးတွေပြတ်ကျခဲ့တာကြောင့် ကုန်တင်ကား တစ်စီး ပြုတ်ကျပြီး ယာဉ်ပေါ်မှာပါတဲ့ လူ ၂ ယောက် ပျောက်ဆုံးနေပါတယ်။
2018-03-31
ထိုင်းနိုင်ငံမှာ MOU နဲ့ တရားဝင် အလုပ်လုပ်ကိုင်ဖို့ အတွက် သွားရောက်ကြတဲ့ မြန်မာအလုပ်သမားတွေ ရဲ့ ကားတစ်စီးဟာ ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မနက်အစောပိုင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲမှာ မီးလောင်ကျွမ်းခဲ့ပြီး မြန်မာအလုပ်သမား ၂၁ ဦး မီးလောင်သေဆုံးခဲ့ရပါတယ်။
2018-03-31
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေမှာ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP နဲ့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာအေဂျင်စီ UNHCR တို့ကို မြန်မာအစိုးရက ပါဝင်ခွင့်ပြုလိုက်ပါတယ်။
2018-03-31
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် Freedom Fighter အဖွဲ့က ဦးဆောင်ပြီး ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြဖို့ ကြိုတင်အကြောင်းကြားစာ ပေးပို့ထားပေမယ့် ကျောက်တံတားမြို့နယ် ရဲစခန်းကခွင့်မပြုဘူးလို့ အကြောင်းပြန်ခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူတွေ ကပြောပါတယ်။
2018-03-30
စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင်ဒေသ က ဝက်မှေးရွာဟောင်းမှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေနဲ့ ရွာမပြောင်းဘူးငြင်းဆန်သူတွေအကြား ရုန်းရင်းဆန် ခတ်ဖြစ်ခဲ့ပြီး ဝက်မှေးရွာသူ ဒေသခံ မသွဲ့သွဲ့ဝင်းနဲ့ မစန်းလှတို့ကို ဖမ်းဆီးလိုက်ပါတယ်။
2018-03-30
မွန်ပြည်နယ် ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးရဲ့ သာသာနာရေးကိစ္စများ ဝင်ရောက်စွက်ဖက်ခြင်းနဲ့ ကျိုက်မရောဘုရားကြီးကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဆရာတော်ကို ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ ယောက်နဲ့ တိုင်ကြားသူတွေကို ရှုတ်ချကြောင်း ဘုရားဝင်းထဲက ဓမ္မာရုံမှာ လူဦးရေ တစ်ထောင်လောက်က ဆန္ဒထုတ်ဖော်ကြပါတယ်။
2018-03-28
တနင်္သာရီတိုင်းအတွင်း ဆီအုန်းစိုက်ပျိုးဖို့ လုပ်ပိုင်ခွင့်ရယူထားတဲ့ ကုမ္ပဏီ ၅ ခုဆီက မြေဧက ၂ သိန်းကျော်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြန်လည်သိမ်းယူဖို့ စီစဉ်နေပါတယ်။
2018-03-28
ဒီကနေ့ပြုလုပ်တဲ့ ၇၃ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကို NCA စာချုပ်ကို လက်မှတ်ရေးထိုးဖို့ တိုက်တွန်း လိုက်သလို မဖြစ်နိုင်တာတွေ မတောင်းဆို ဖို့ ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ လက်တွေ့နဲ့ ကိုက်ညီမှု မရှိဘူးလို့ ဝေဖန်တာတွေ ရှိပါတယ်။
2018-03-27
မတ်လ ၉ ရက်နေ့က တနိုင်းမြို့နယ်အတွင်းမှာရှိတဲ့ ကေအိုင်အေတပ်ရင်း ၁၄ နေရာ ပြောင်းရွှေ့လိုက်ပြီးနောက် အစိုးရနဲ့နှစ်ဖက်တိုက်ပွဲတွေ ရပ်တန့်နေပေမယ့် တနိုင်းမြို့နယ်အပြင် ဆွမ်ပရာဘွမ်၊ ပူတာအိုနဲ့ ကေအိုင်အေတပ်ရင်း ၁၂ နဲ့ ၂၇ ရှိရာ ဗန်းမော်ဒေသတဝိုက်မှာ အစိုးရတပ်တွေ ရှိနေသေးတာကြောင့် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ KIA ဘက်က ပြောပါတယ်။
2018-03-27
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာက ရွာသား ၂ ဦးကို အမှုတစ်ခုနဲ့ဆက်စပ်ပြီး မသင်္ကာလို့ဖမ်းဆီးစစ်ဆေးရာမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေ ပြင်းထန်စွာနှိပ်စက်ခဲ့တာတွေမှာ ပါဝင်ခဲ့တဲ့ ပိုးလောင်းကျေးရွာစခန်းမှူးနဲ့အဖွဲ့ကို အချုပ်ချပြီး ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် စုံခုံဖွဲ့စစ်ဆေးနေပါတယ်။
2018-03-27
ပုဂံဒေသက ရှေးဟောင်းအမွေအနှစ်ဇုန်အတွင်း မြတ်မင်းကုမ္ပဏီက ဟိုတယ်ဆောက်နေတဲ့နေရာဟာ ရှုခင်းဧရိယာအဖြစ် သတ်မှတ်ထားတဲ့နေရာဖြစ်ပြီး ခိုင်မာတဲ့အဆောက်အဦးတွေ ဆောက်လို့မရကြောင်း မြန်မာအစိုးရနဲ့ ယူနက်စကိုတို့ အတည်ပြုချက်ရယူထားတဲ့ နေရာဖြစ်တယ်လို့ UNESCO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုး က ပြောပါတယ်။