သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-31
ကချင်ပြည်နယ် တနိုင်းနဲ့ ဟူးကောင်းဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ကချင် နိုင်ငံရေးပါတီများက စစ်ပွဲတွေ ချက်ခြင်းရပ်တန့်ဖို့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-01-31
တပ်မတော်နဲ့ KIA တို့အကြား တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နန့်ကွမ်းရွာနဲ့ ချောင်းဆုံတို့မှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃ ထောင်ကျော် တနိုင်းမြို့ကို ရောက်ရှိလာဖို့အတွက် ကူညီဆောင်ရွက်ပေးဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနောင်နဂျာတန်နဲ့ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးတို့က ပြည်သူ့လွှတ်တော်ဥက္ကဌထံ စာပေးပို့ထားပါတယ်။
2018-01-31
ကချင်ပြည်နယ် တနိုင်းနဲ့ ဆွမ်ပရာဘွမ်ဒေသတွေ မှာ ဖြစ်ပွားနေတဲ့ အစိုးရတပ်မတော်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေဟာ ပြင်းထန်နေပြီး တနိုင်းဒေသ မှာ ဒေသခံတွေ ပိတ်မိနေပါတယ်။
2018-01-31
ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့ ဆန္ဒပြမှုမှာ ပါဝင်ခဲ့သူအများစုကို ကျောင်းထုတ်တာဟာ သက်ဆိုင်ရာ ကျောင်းအလိုက်စီမံခန့်ခွဲရေးအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်သာဖြစ်ပြီး ပညာရေးဝန်ကြီးဌာနက သီးခြားညွှန်ကြားထားတာမရှိကြောင်း အဆင့်မြင့် ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်မင်း ကပြောပါတယ်။
2018-01-31
အမျိုးသားဒီမိုကရေစီပါတီ NLD ရဲ့ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း ဦးဆောင်ပြီး အဖွဲ့ဝင် ၉ ဦးနဲ့ ဇန်နဝါရီလ ၂၉ ရက် မနေ့က ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။
2018-01-31
ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတခုကို မနေ့ညနေက ဝါရှင်တန်ဒီစီရှိ ဂျော့ဝါရှင်တန်တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။
2018-01-30
အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို လူမှုရေးအရ ကူညီပံ့ပိုးပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ဒီနေ့စတင်ကျင်းပနေတဲ့ ဆဌမအကြိမ် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး က မေးမြန်းဖို့ ကြိုတင်လျှောက်ထားတာကို လွှတ်တော် ဥက္ကဌက ပယ်ချလိုက်ပါတယ်။
2018-01-29
ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့တွေရဲ့ စခန်းတွေရှိနေတဲ့ ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲမှာ မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ပွဲတွေကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးတာတွေရှိနေပြီး၊ ပယင်းမှော်လုပ်သား ၃၅၀၀ လောက်လဲ တောထဲကနေ ထွက်ပြေးလာနေတယ်လို့သိရပါတယ်။
2018-01-29
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ် တရားရုံးမှာ ပထမဆုံး အကြိမ် ရုံးထုတ်ရာမှာ မိသားစုဝင်တွေ၊ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခွင့်မပေးဘဲ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ စာရေးဆရာ ကိုဝေဟင်အောင်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါတယ်။
2018-01-28
ကချင်ပြည်နယ် တနိုင်း-ဟူးကောင်းဒေသမှာ တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အဲဒီဒေသက ရွှေနဲ့ ပယင်းမှော်တွေတဝိုက်မှာ လုပ်ကိုင်နေကြသူတွေ ဟာ သူတို့ရဲ့ မူလ နေရပ်တွေကို ပြန်လို့မရဘဲ ပိတ်မိနေကြပါတယ်။
2018-01-28
ပညာရေး အသုံးစားရိတ် တိုးမြှင့်ပေးဖို့အတွက် မန္တလေး ရတနာပုံ တက္ကသိုလ်မှာ ဆန္ဒပြခဲ့သူတွေထဲက ကျောင်းသား ၃၆ ယောက်ကို သက်ဆိုင်ရာ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့တွေက ကျောင်းတွေကနေ ထုတ်ပယ်လိုက်ပါတယ်။ ဆန္ဒပြ ကျောင်းသားတွေကို ကျောင်းထုတ်တာဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနဲ့ ကျောင်းသားထုကို ရန်တိုက်ပေးတဲ့သဘော ဖြစ်နေတယ်လို့ ရတနာပုံ တက္ကသိုလ် ကျောင်သားသမဂ္ဂ စည်းရုံးရေးမှူး ကိုရဲမျိုးဆွေ က ပြောပါတယ်။
2018-01-27
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ အမေရိကန် အစိုးရ ဝန်ကြီးဟောင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆင် (Bill Richardson) က ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အကြံပေးအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်တယ်လို့ ကြေညာခဲ့ပါတယ်။
2018-01-27
ကချင်ပြည်နယ် တနိုင်း၊ ဖားကန့်နဲ့ မလိခမြစ်ကြောင်းတစ်လျှောက်က ရွှေ၊ သတ္တုနဲ့ ကျောက်တူးဖော်ရေး လုပ်ကိုင်နေကြတဲ့ နေရာတွေမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ အစိုးရတပ်မတော်တို့ နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
2018-01-27
မြန်မာနိုင်ငံရဲ့ စီးပွါးရေး ကဏ္ဍမှာ အမေရိကန် လုပ်ငန်းရှင်တွေ ပိုပြီး တက်တက်ကြွကြွပါဝင်ရေး အလားအလာတွေနဲ့ ပတ်သက်ပြီး၊ တက်ဆက်စ်ပြည်နယ် ဟူစတန်မြို့ အခြေစိုက် မြန်မာ အမေရိကန် ကုန်သည်ကြီးများအသင်း MACC ဥက္ကဌ ဦးရေမွန် ထွန်းတင်ကို ကျနော်တို့ အဖွဲ့သား ဦးခင်မောင်ညိန်းက RFA studio မှာ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2018-01-27
တိုင်းရင်းသားရေးရာဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီးနေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ SNLD ကို အစိုးရက ကမ်းလှမ်းခဲ့တဲ့အပေါ် SNLD ပါတီက ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။