တောင်ကြီးမြို့က သက်တမ်းရင့် ထင်းရူးပင်များ ကာကွယ်ရေး
2016.08.15
သက်တမ်းရင့် ထင်းရူးပင်များ ကာကွယ်ရေး လှုပ်ရှားမှုတစ်ရပ်ကို ဒေသခံများ ဦးဆောင်ပြီး တောင်ကြီးမြို့မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။ ရေလွှမ်းမိုးမှုလို သဘာဝဘေးအန္တရာယ်တွေဟာ သစ်ပင်တွေမရှိတော့တာ ရဲ့အကျိုးဆက်ကြောင့် ဆိုတာကို လူတိုင်းနားလည်ပြီး သစ်ပင်သစ်တောတွေ မပြုန်းတီးရေး ကာကွယ်ဖို့ လိုအပ်တယ်လို့ တောင်ကြီးမြို့အခြေစိုက် ချယ်ရီပုံရိပ် Cherry Image လူမှုအဖွဲ့ရဲ့တာဝန်ခံ မချိုမြဦးက ပြောပါတယ်။ မချိုမြဦး ကို RFA မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။