မူဆယ်မြို့ ကရုဏာလူမှု ကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းနဲ့ မေးမြန်းချက်
2018.05.12
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ပြည်သူ့စစ်အဖွဲ့နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့တွေအကြား ပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရသူတွေ သေဆုံးသူတွေကို မူဆယ်ကရုဏာလူမှုကူညီရေးအသင်းက မူဆယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။
ဒဏ်ရာရသူတွေထဲက ၃ ဦးကို တရုတ်နိုင်ငံ ရွှေလီဆေးရုံကို အရေးပေါ်ပို့ ဆောင်လိုက်ရပြီး နောက်ထပ်ဒဏ်ရာရသူတစ်ဦးကိုတော့ မန္တလေးဆေးရုံကို ပို့ဆောင်ပေးလိုက်ရတယ်လို့ မူဆယ်မြို့ ကရုဏာလူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။
ဒီကနေ့ နေ့လည်ပိုင်းက မူဆယ်ဆေးရုံမှာရောက်နေတဲ့ ဦးသောင်းထွန်းကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။