ကရင်နီပြည် လူငယ် ၃ ဦးအမှု ပလပ်တဲ့အကြောင်း မေးမြန်းချက်
2018.01.23
ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတဲ့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီတူး၊ ကရင်နီပြည်တောင်သူများသမဂ္ဂ ဥက္ကဌ ခူးတူရယ်နဲ့ ကယန်းမျိုးဆက်သစ်လူငယ် ဗဟိုကော်မတီဝင် ခွန်းအသန်းတို့ ၃ ဦးအမှုကို ဒီကနေ့ လွိုင်ကော်မြို့နယ် တရားရုံးက ပလပ်လိုက်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့ တရားခွင်ကို သွားရောက်ခဲ့တဲ့ ကယားပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့တစ်ခုဖြစ်တဲ့ LAIN နည်းပညာ အထောက်အကူပြု အဖွဲ့က ဒါရိုက်တာ ကိုကျော်ထင်အောင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။