ဆရာတော် ဦးသုမင်္ဂလနဲ့ လျောက်တင်မေးမြန်းချက်


2018.03.03

ဒီနှစ်ပိုင်း၊ လပိုင်းတွေမှာ ဗုဒ္ဓဘာသာ ရဟန်းသံဃာတချို့ရဲ့ မဆင်မခြင် ပြုမူမိန့်ကြားမှုတွေကြောင့် လူအချင်းချင်းအကြား၊ အဖွဲ့အစည်း အချင်းချင်းအကြား ရန်ငြိုးဖွဲ့ပြီး အမှုအခင်းတွေ ဖြစ်ကုန်ကြတဲ့အထိ ဖြစ်လာတာဟာ နိုင်ငံ့အနာဂတ်အတွက်တွင်သာမက၊ ဗုဒ္ဓသာသနာအတွက်၊ ဗုဒ္ဓဘာသာဝင်တွေမှာပါ ဆုံးရှုံးနစ်နာမှုတွေ များစွာဖြစ်စေတယ်လို့ ဒယ်အိုးဆရာတော်လို့လည်း သိထားကြတဲ့ ဆရာတော် ဦးသုမင်္ဂလက မိန့်ကြားပါတယ်။

ဒါကြောင့် ပြည်သူလူထုအနေနဲ့ ပုဂ္ဂိုလ်စွဲ၊ ဆရာစွဲ၊ ဂိုဏ်းဂဏစွဲတွေနဲ့ တဘက်သတ်ယုံကြည်မှု မထားကြဖို့နဲ့ အဆောတလျှင် မလုပ်ဆောင်ကြဖို့ ဆရာတော်က မေတ္တာရပ်ခံလိုက်ပါတယ်။

ဆရာတော် ဦးသုမင်္ဂလကို မခက်မာ လျှောက်တင်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။