မြောက်ဦးမြို့က ပစ်ခတ်မှုတွေအကြောင်း ဦးတင်မောင်ဆွေနဲ့ ဆက်သွယ်မေးမြန်းချက်
2018.01.17
မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အခမ်းအနား ကျင်းပခွင့် မရခဲ့တဲ့အတွက် မြို့ခံလူငယ်တွေ မနေ့ညက လမ်းလျှောက် ဆန္ဒပြခဲ့ရာကနေ လူစုလူဝေး ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က လူစုဖြိုခွဲရာကနေ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက လုံခြုံရေး တပ်ဖွဲ့ဝင်တွေဆီက လက်နက်တွေကို လုယူဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ပစ်ခတ်မှု ဖြစ်ရတာလို့ ရခိုင်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
ဦးတင်မောင်ဆွေကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားပါတယ်။