မြောက်ဦးဟောပြောပွဲစီစဉ်သူတွေကို တရားစွဲမယ့်အကြောင်း မေးမြန်းချက်
2018.01.18
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်၊ စာရေးဆရာ ဦးဝေဟင်အောင်နဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရခိုင်အချုပ်အခြာအာဏာ ကျဆုံးမှု အောက်မေ့ဖွယ်အထိမ်းအမှတ် ဟောပြောပွဲလုပ်ဖို့ ဦးဆောင် စီစဉ်သူတွေကို နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၂ နဲ့ တရားစွဲဆိုဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆောင်ရွက်နေပါတယ်။ မြောက်ဦး ထွေအုပ်ရုံးကို အကြမ်းဖက်ခံရမှုအတွက် စာပေဟောပြောပွဲ ဦးဆောင်စီစဉ်သူတွေကို တရားစွဲမှာဖြစ်ပြီး ဒေါက်တာအေးမောင်နဲ့ ဦးဝေဟင်အောင်တို့ကိုတော့ ရသေ့တောင်မြို့နယ်က စာပေဟောပြောပွဲမှာ ဟောပြောချက်တွေကြောင့် တရားစွဲမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
ဦးတင်မောင်ဆွေကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။