ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အကြောင်း မေးမြန်းချက်
2015.12.15
အစိုးရတပ်မတော်နဲ့ တအာန်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲမှာ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နမ့်ခမ်းဖက်မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
TNLA တအာန်းလွတ်မြောက်ရေးတပ်မတော်က ဗိုလ်မှုးကြီး မိုင်းဖုန်းကျော်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။