ပဲခူးတိုင်းမှာ လေဆင်နှာမောင်းကြောင့် အိမ်ခြေ ၂၆ လုံးပျက်စီး
2016.08.18
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် မိုးညိုမြို့နယ် စံပယ်မြောင်အုပ်စု၊ စိန်တိုင်ကျေးရွာမှာ သြဂုတ်လ ၁၆ ရက်နေ့ ညပိုင်း ၉ နာရီခန့်က လေဆင်နှာမောင်း တိုက်ခိုက်ခံရတာကြောင့် အိမ်ခြေ ၂၆ လုံး ပျက်ဆီးသွားတဲ့အကြောင်းကို ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် အမှတ် ၁ ၊ လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်း ကို RFA အဖွဲ့သား ကိုရဲစည်သူကာ ဆက်သွယ်မေးမြန်းထားပါတယ်။