မောင်တောမြို့နယ်၊ သရေကုန်ဘောင်ကျေးရွာက ဒေသခံ ၂ ဦး တိုက်ခိုက်ခံရ
2017.11.03
နိုဝင်ဘာလ ၂ ရက်နေ့ မနက် ၃ နာရီခန့်မှာ မောင်တောမြို့နယ်၊ သရေကုန်ဘောင်ကျေးရွာက ဒေသခံ ၂ ဦးဟာ ရွာအနီးနှစ်မိုင်အကွာအဝေးမှာ သွားရောက်ငါးရှာသွားစဉ် မွတ်စလင် ၃၀ ကျော်က ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်ခံရသူတွေထဲက ဦးလှသန်းမောင် ဆိုသူဟာ လက်ရှိအချိန်မှာ မောင်တောပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး မောင်တောမြို့နယ်၊ သရေကုန်ဘောင်ရွာသား ဦးအောင်သန်းတင် ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။