ရိုက်တာသတင်းကိစ္စ ပြန်လည်နေရာချထားရေးလုပ်ငန်းအပေါ် ထိခိုက်မှုရှိ မရှိ
2018.02.10
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ အမျိုးသား ၁၀ ဦး သတ်ဖြတ်ခံရတဲ့ ကိစ္စကို ရိုက်တာ သတင်းဌာနက “မြန်မာနိုင်ငံမှ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု" ဆိုတဲ့ခေါင်းစဉ်နဲ့ အစီရင်ခံစာ ထုတ်လိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ နိုင်ငံတကာက စွပ်စွဲချက်တွေ ပေါ်ထွက်နေချိန် ဒီအစီရင်ခံစာ ထွက်ပေါ်လာတာဟာ ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေအပေါ် ထိခိုက်မှုရှိပါသလား? လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။