နန်စလင်းချောင်းဖျားမှော် ကျောက်လုပ်ကွက်
2018.05.14
ရေမဆေးသမားတွေနဲ့ တပိုင်တနိုင်ကျောက်မျက်တူးဖော်လိုသူတွေ လုပ်ကိုင်နိုင်အောင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးရတနာနယ်မြေအတွင်းမှာရှိတဲ့ နန်စလင်းချောင်းဖျားမှော်က လုပ်ကွက်ပေါင်း ၃၇ဝ ကျော်ကို တိုင်းဒေသကြီးအစိုးရက ရောင်းချပေးတော့မှာဖြစ်ပါတယ်။
အများပြည်သူသိရှိအောင် အစိုးရသတင်းစာကနေ ထုတ်ပြန်ကြေညာမှာဖြစ်ပြီး အခုလ ၂၈ ရက်နေ့ကနေ ဇွန်လ ၂၈ ရက်နေ့အတွင်း လုပ်ကွက်တွေ လျှောက်ထားရမှာဖြစ်တယ်လို့ ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောပါတယ်။
လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။