လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာအကြောင်း မေးမြန်းချက်
2018.01.20
လက်ရှိအကျဉ်းကျနေသူတွေထဲက လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ရေးသားပြုစုပြီး နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က မနေ့က ပေးပို့လိုက်ပါတယ်။
လက်ရှိအကျဉ်းထောင် အရေအတွက်နဲ့ ထောင်သားအရေအတွက် မမျှတတာကြောင့် နေရထိုင်ရကျပ်တည်းပြီး ကျန်းမာရေးပြဿနာတွေ ဖြစ်မှာ စိုးရိမ်ရတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
ဦးယုလွင်အောင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။