နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနဲ့ ဆက်သွယ်မေးမြန်းချက်
2018.01.08
ရခိုင်ပြည်နယ်ပြဿနာကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်နေတဲ့အချိန်မှာ ပဋိပက္ခဖြစ်အောင် နယ်မြေဒေသ မတည်ငြိမ်အောင် အဖျက်အမှောက် အကြမ်းဖက်လုပ်တဲ့အဖွဲ့ကို အားပေးကူညီတာ၊ ထောက်ခံရာရောက်တဲ့ အပြုအမူတွေ ပြုလုပ်တာ၊ ထောက်ခံရာရောက်တဲ့ အရေးအသားအပြောအဆိုတွေ မလုပ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောလိုက်ပါတယ်။
ဒါ့အပြင် လက်ရှိနိုင်ငံတော်အစိုးရ လုပ်ကိုင်နေတဲ့ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အထိအခိုက်မခံနိုင်ဘူး၊ ထိခိုက်အောင်လုပ်လာမယ့် ARSA အဖွဲ့အစည်းအပါအဝင် ဘယ်အဖွဲ့အစည်းကိုမဆို ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်၊ ပြတ်ပြတ်သားသား အရေးယူမယ်လို့လည်း ဆိုပါတယ်။
ဦးဇော်ဌေး ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။