ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအကြောင်း ဦးဇော်ဌေးနဲ့ ဆက်သွယ်မေးမြန်းချက်
2018.01.22
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် ဒုက္ခသည်တွေကို ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မြန်မာနိုင်ငံဘက်ကို တရားဝင် အကြောင်းကြားမှု မရှိတာကြောင့် မြန်မာအစိုးရဘက်ကတော့ မူလသဘောတူညီချက်အတိုင်း ဆက်လက်ဆောင်ရွက်မှာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
မူလ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း မနက်ဖြန် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ပြန်လည်လက်ခံရေးလုပ်ငန်းတွေကို မြန်မာအစိုးရဘက်က စတင်သွားမှာ ဖြစ်တယ်လို့ ဦးဇော်ဌေး ကပြောပါတယ်။
ဦးဇော်ဌေး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။