သီပေါထောင်ကလွတ်လာတဲ့ သတင်းသမားများ
2017.09.02
သတင်းသမား ၆ ဦးအပါအဝင် ၈ ဦးအပေါ် စွဲဆိုထားတဲ့ အမှုတွေကို တပ်မတော်က ဒီကနေ့ ပြန် ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီလို အမှုရုပ်သိမ်းလိုက်တဲ့အတွက် သီပေါမြို့မှာ မတရားသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇-၁ နဲ့တရားစွဲခံထားရတဲ့ သတင်းသမား ၃ ဦးအပါအဝင် ၆ ဦးထဲက လေးဦးကို ဒီကနေ့ ညနေပိုင်းမှာ သီပေါမြို့နယ်တရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ RFAသတင်းထောက် ကိုကံသာက တင်ပြထားပါ တယ်။