မင်္ဂလာဒုံ အိုးအိမ်ဖျက်သိမ်းမှုနဲ့ ၈၈အဖွဲ့ရဲ့အလှူ
2016.01.29
စစ်တပ်ပိုင်- ဦးပိုင်ကုမ္ပဏီမြေကို ကျူးကျော်တယ်ဆိုပြီး ဖျက်ဆီးခံခဲ့ရတဲ့ ရန်ကုန်- မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုက ရွာသုံးရွာကို ၈၈ မျိုးဆက်အဖွဲ့က အဝတ်အထည်တွေ၊ ကျောင်းသုံးစာအုပ်တွေ၊ ကလေးအရုပ်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။ RFA သတင်းထောက် ကိုထက်အာကာက တင်ပြထားပါတယ်။